Skip to main content

Posts

Featured

မင်းဆီငါ လာရောက်ဆွေးမြေ့ရခြင်း မီးခိုးအူတွေ

မင်းဆီငါ နေ့ညနှစ်ဘက်လုံး ဝါယာကြိုးနှစ်မှင်ပူးလို ရှော့ခ်အဖြစ်စီးဆင်းပါမယ် ပူဆွေးအထီးကျန်ခြင်း ပြာမှုန်လို ကင်ဆာလို ဘဝတစ်ခုလုံး ကိုယ်ရည်ပျက်ပြီးတဲ့နောက် နေကောင်းရဲ့လား ရှော့ခ်အဖြစ် နေ့ညနှစ်ဘက်လုံး ပူဆွေးနေတယ် ငါသတိရပါတယ် ကြေကွဲဖို့ ကိုယ့်ကိုယ်ကိုယ် လူကုန်ကူးသလို နိုင်ငံကူးလက်မှတ်တွေမင်းကြိုးစား နာကျင်ကြေမွဖို့လည်း အသင့်အနေအထားမှာ ရှိပါတယ် “ငါတွေးတယ် ဒါကြောင့် ငါရှိတယ်” ဆိုတာနဲ့ ဝေးတယ် မင်းဆီငါ ဝေးပါတယ် လာနေဆဲပဲမို့ မင်းဆီငါလို့ သုံးပါတယ် မင်းဆီငါ စိတ်အလောင်းပုပ်ပွခဲ့တာတွေရှိတယ် မသာယာလို့ အန္တရာယ် မင်းဆီငါ ငါသတိရပါတယ်ဆိုတာ အန္တရာယ်ရှိသော အရာများပါ စိုးရိမ်ဖွယ် အရေးအသားများကြားမှာ ကိုယ်လောင်ကျွမ်းနေတာကို ညတွေ တစ်ညမကတဲ့ မီးခိုးအူတွေလို မင်းဆီငါ နေ့ညနှစ်ဘက်လုံး မျက်လုံးအကန်း နားအကန်းတွေ မင်းဆီငါ သြဂုတ်လရဲ့  ညနေတစ်ခုမှာ ပြောဖြစ်ခဲ့တဲ့ စကားတချို့တစ်ဝက်တွေ လေအေးပေးစက် အောက်မှာ သူစိမ်းတွေနဲ့ သိုက်သိုက်ဝန်းဝန်း မင်းဆီငါ မပျော်ရွှင်ခြင်း တယ်လီဖုန်းမြည်သံ ဘယ်တော့မှ မဆက်သွယ်ပါဘူး တားမြစ်ဆေးဝါးတွေလို မင်းဆီငါ တစ်ခါတလေတောင် နှစ်ဦးသဘောတူ လောင်ကျွမ်းမှုရှိမှ လွမ်းမှာပါ ...

Latest Posts

အချစ်

နှလုံးထိန်းစက်ထဲမှာ အက်ဝပ်ကို ယက်ကန်းနဲ့ထိုး နိုင်လွန်သွေးရောင်နဲ့ မနက်အာရုံဟာ ကျုပ်တို့မြို့ကို မိုးကုပ်စက်ဝိုင်းလို ကစားပြမှာ

မက်ဆေ့ခ်ျတစ်စောင်စောင့်ရင် ဒါတွေအတွက်တော့ အချိန်ကုန်ခံ

သူမဟာညနေခင်းတစ်ခုဖြစ်ကြောင်း သေချာပြီးတဲ့နောက်

ကျွန်တော်တို့လွဲချော်သွားကြရင် ဘယ်လိုလုပ်မလဲ

.

ညနေ

ညီမလေးအိပ်ပျော်နေတုန်းမှာ အစ်ကိုဟာ ညီမလေးမျက်ခွံလေးတွေဖြစ်တယ်

genos (လူမျိုး၊ လူအများ) cide (သတ်သည်) + before 1944