ညနေ
လေပြေလေညင်းကအစ
ငိုတယ်။ နေ့၊
ည တွေဟာ နေရဲ့အခွံဆီကနေ ငါ့ဆီကို လွင့်မျောထိမှန်လာပြီး ငါ့ကိုထပ်မံ ခွဲခြမ်းစိတ်ဖြာကြည့်လိုက်ရင်
ငါက ငါ့အသက်ရှင်ခြင်းကို ပြန်ငြီးငွေ့လာပြီး ငါ့နာမည်ရဲ့
အသက်ရှင်ခြင်းဟာ
စက္ကူငှက်ထဲက ‘ငါ’ ပါနဲ့ဆို ထုံသလိုလို၊ ကျဉ်သလိုလို ကမ္ဘာကို
ငါရတယ်။
ငါ့အာရုံအရပ်ရှစ်မျက်နှာမှာ မော်တော်ယာဉ်ဝေးကြီးတစ်စင်းဟာ ဂြိုဟ်သားရဲ့
မီးခိုးလို
လျှာတွေထဲက အငွေ့နှုတ်ခမ်းနဲ့ နမ်းတယ်ဆိုပြီး အိတ်ဇောပြွန်ထဲကနေ
မျက်ရည်ငွေ့နဲ့
လှမ်းမှုတ်တယ်။ ငါ ပူပူလောင်လောင်မုန်းတယ် နင်စီးတဲ့ လိုင်းကားကအစ
ငါမဝယ်ပေးနိုင်မယ့်
လက်ဆောင်တွေအဆုံး။ ငါ့ကို လိပ်ပြာလုံအောင် ပိတ်လှောင်ဖုံးထားနိုင်တဲ့
နင့်စိတ်ထားကိုတော့
ငါချစ်တယ် ငါ့ကိုချစ်တဲ့အတွက်လည်း နှလုံးသားက နင့်ကို
ကျေးဇူးတင်ပါတယ်
နင်ချစ်လိုက်မိတဲ့ကောင်က ခပ်ပျော့ပျော့ကောင် အွန်လိုင်းမှာ
စာသားချင်းနမ်းလိုက်တဲ့
အချိန်ဆိုရင်ပဲ ဘဝက ကိုယ်တိုင်သစ်ပင်တစ်ပင်
ဖြစ်သွားတဲ့
ပုံပြင်တစ်ပုဒ်ထဲ ဝင်ထိုင်နေရတယ်လို့ မှတ်နေတာ စိတ်ဆွေးလွန်းလို့
ကွာကျသွားမှာကို
စိုးရိမ်ကြောင့်ကြနေရတာ ငါ့ကို အဝေးကြီးတွေကို အတူ
ခေါ်သွားပြီး
မထားခဲ့ပါနဲ့ လူတွေအများကြီး ရှိတဲ့နေရာမှာ မထားခဲ့ပါနဲ့ ငါ့ကို
အပေါ်ယံ
ပူနွေးမှုမျိုးပဲပေးမှာ ငါကြောက်တယ် နင်မရှိရင် အိပ်မက်အနက်ကြီးတွေထဲ
ငါပြုတ်ကျမှာ။
ငါ့နှလုံးသား ခြေတွေလက်တွေ ကျိုးပဲ့သွားမှာ။ ငါငိုမှာ။ မျက်ရည်ရှော့ခ်နဲ့
ဦးနှောက်ကို
ရိုက်ပစ်မှာ။ နင်က နေရဲ့အင်္ကျီလေး ပူနွေးစိုစွတ်တဲ့ အာကာသလက်ချောင်းငယ်
လေးတွေမှာ
ခေါင်းစည်းကြိုးလေးတွေရှိတယ် ငါ့ရင်ထဲမှာ သိမ်းထားတယ်။
ငါဆံပင်တွေကို
လက်နဲ့ ထိုးဆွမိနေတယ် နင်ကားပေါ်တက်သွားပြီ ငါ့တို့
စိတ်ကူးချင်းသဘောတူညီစာချုပ်ဟာ
သင်္ချိုင်းတစ်ခုဖြစ်သွားမလား အချစ်ဟာ
အိုအောင်မင်းအောင်
ငါတို့နှစ်ယောက်နဲ့ အတူ အသက်ရှည်ပေါင်းသင်းနေနိုင်ပါ့မလား
ငါကြောက်တယ်
ဘာတွေကိုမှန်းလည်း ငါမသိဘူး ငါ့ကိုယ်ငါ အထင်သေးတယ်
နင်ဟာ
ငါ့မြင်ကွင်းထဲက တဖြည်းဖြည်း ဝေးဝေးသေးသေးသွားတယ် ငါ့ရင်ထဲမှာ
‘ဟာ’
ခနဲ။ လေဟာနယ်တစ်ခုထဲမှာ ဘာနဲ့မှ ထိတိုက်ခွင့်မရလိုက်တဲ့ ဒဏ်ရာဟာ
အတော်ပြင်းပြင်းထန်ထန်
နာကျင်လာတယ် ငါဝမ်းနည်းနည်းနဲ့ စာရွက်ပေါ်ပဲ
စာသားတွေ
အားနဲ့ဖိရေးလိုက်တဲ့အခါ ငါ့နှလုံးသား အရမ်းအောင့်လာတယ်
“နာတယ်၊
နာတယ်” လို့ တအားအော်တယ် ငါ့သူငယ်အိမ်မှာ သွေးအညစ်အကြေးတွေနဲ့
ငါ့နားထဲမှာ
မုန်တိုင်းအစိုင်အခဲလို အသံတွေအော်ဟစ်နေတယ် ငါဘာတွေဖြစ်နေတာလဲကွာ
ငါ့မသိတော့ဘူး
ငါအရမ်းဝမ်းနည်းနေတယ်။ မဖြစ်မနေမို့ပါ နင့်လက်ကလေးတွေကို
ငါ
ဘဝလို့ မှတ်လိုက်တော့မယ် နင်ငါ့ကို ခေါ်တဲ့ "ဟေ့ကောင်" ဆိုတဲ့ စကားလေးကို
ဘဝလို့
မှတ်လိုက်တော့မယ် ခုချိန်ဆို ငါ့နူးညံ့မှုတွေမှာ နင် မှတ်ဥာဏ်တွေ အိပ်ပျော်
နေမလား
ငါ့စိတ်တွေအိပ်မပျော်ဘူး ငါ့ကိုဂရုစိုက်ပေးပါဟာ ငါနင့်ကိုချစ်တယ်
ငါ့ကို
ဂရုစိုက်ပေးပါ .... ကြေကွဲနေ့ညတွေမှာ
ငါရှိနေတယ် ။
မောနွေ
30.8.2011
02:15
am
မာယာမဂ္ဂဇင်း
Comments
Post a Comment