ညီမလေးအိပ်ပျော်နေတုန်းမှာ အစ်ကိုဟာ ညီမလေးမျက်ခွံလေးတွေဖြစ်တယ်
ပင်လယ်မှာ ကျွန်တော် လျှပ်ပေါ်လောလီ နေခဲ့တာတွေ နောင်တရသလို ဖြစ်မိပါတယ်
တစ်ခါတစ်ခါ ကော်ဖီသောက်တတ်ပေမဲ့ ကိုယ်တိုင် ကော်ဖီ မှောက်ကျတဲ့ ကိုယ်ခန္ဒာ အခိုက်အတန်
့မျိုးမှာ အလေးချိန်က ဒလိမ့်ခေါက်ကွေး ၁ပိဿာ ၂ပိဿာ စသဖြင့် ဘယ်လောက်ပေါ့ပေါ့ ဘယ်လောက်ပါးပါး
ညီမလေး အတွက်တော့ ဟောဒီ ၅ ပေ ၇ လက်မ ပေါင် ၁၁၀ လေးဟာ အမြဲ အသင့်ပါပဲ ပြောမရဆိုမရ ရန်ကုန်နဲ
့ မန္တလေးဟာ ၁ နာရီ မိုင် ၁၀၀ နှုန်း နဲ့  ခုတ်မောင်းဆန့် ထွက်ရင်တောင် သွေးကြောမိုင်ပေါင်း
ခုနှစ်သောင်းကျော် ကြားက ယိုစိမ့်ကျကျလာမယ့် ဖြစ်မှု ပျက်မှု နှလုံးသားအာရုံခံစား
စေ့စော်မှု စိတ်မထင်ရင် မထင်သလို အော်ငိုတတ်မှု ကျွန်တော့်ကိုယ်ကျွန်တော် ပြန်ကျိန်ဆဲရင်း
တံတားပေါ်က ခုန်ချလိုက်ရင် ကောင်းမလား ဘုရားရှေ့ သွားပြီး အပြစ်တွေ ၀န်ခံရမလား တရားမရသေးဘူး
သတင်းစာနေ့  စဉ်မဟုတ်ရင်တောင် တစ်ရက်ခြားစီလာပါ ညီမလေး နေကောင်းပါရဲ့ လား ကောင်းကောင်းနေပါရဲ
့လား အကိုတို့ ကြုံနေရတာ အချစ်ဇာတ်လမ်း ကောင်းကောင်း တစ်ပုဒ်သာဆို ညီမလေး မှာ အစာအိမ်ရောဂါ
ရှိခဲ့မှာ မဟုတ်ဘူး ကိုင်ထားတဲ့ဖုန်း စကားပြောခွက်ကို မချလိုက်ပါနဲ့  သတိရရင် အဲဒီသတိက
အကိုပေးလိုက်တဲ့ သတိပါ ညီမလေး ရထားတဲ့ သတိဟာ အကို့ လွယ်အိတ်ထဲက ကဗျာစာအုပ်လေးဖြစ်တယ်
C D လေး တစ်ချပ်ဖြစ်တယ် အကိုဘက်ကစပြောချင်တဲ့ " ဟဲလို " တစ်ခွန်း ဖြစ်တယ်
ကက်ဆက်ဖွင့်လိုက်ရင် ဒီသီချင်းက ရင်သို့ တိုးဝှေ့ နေဆဲပဲ ရထားလက်မှတ်ထဲ ခုန်ဝင်ချင်နေတဲ့
ပဋိပက္ခ မသိစိတ် ယန္တရားက ထိုင်မသိမ်းစလို ထိန်းမရ သိမ်းမရနဲ့ ပါလား ဆေးလိပ်ကို လမ်းမပေါ်
ပစ်ထည့်လိုက်တာ အဲဒီနေ့ က အဲဒီနေ့ က ညီမလေးကို လွမ်းလို့ ပေါ့ကွာ ယနေ့ ကျွန်တော်တို
့ကမ္ဘာဟာ ခရစ်နှစ် ၂၀၁၀ ဖြစ်ပါတယ် ဧရာဝတီလည်း အရင်လောက် မနုပျို တော့ ကျွန်တော်တို့ လည်း
အရင်လောက် မဖြတ်လတ်တော့ အနာတရ တွေ ဧဒင်မှာပဲ လာလာပွင့်ကြတယ် ဖြန့် ခင်းထားတဲ့ သက်တန်
့တစ်ခင်းစာလို ခွေခွေကလေး ရောထွေးနေရင် အကောင်းသား လှုပ်ခတ်လိုက်တော့ ကမ္ဘာကြီး မပြားဘဲ
ကောင်းကင် ကြီး ပြားသွားတယ် အပေါ်က သက်တန့် ကြီး ပြုတ်ကျတော့မယ် အိပ်စက်နေတဲ့ ငါ့ညီမလေး
လန့် နိုးတော့မယ် အသံဗလံတွေ ဆူညံပွက်လောရိုက် စံပယ်တွေလည်း တစ်သိုက်သိုက် တစ်ရှိုက်ရှိုက်
ရာသီဥတုက အစစအနန ပွန်းပဲ့ကြွေ ဘာမှ ထွန်ယက်မရတဲ့ ကွင်းပြင်လို မနက်ခင်းမှာ အကို့ ကို
မလိုအပ်တော့လို့  ထစ် , အ ပစ်ချလိုက်ခဲ့တာလည်း ညီမလေး စုတ်ဖြဲလိုက်တော့မေ့လိုက်တော့
အိပ်ရာကနိုးလာရင် ကမ္ဘာကြီး ကို မြင်အောင်ကြည့်လိုက် တစ်ခါတစ်ခါ ကမ္ဘာက ကြီးလွန်းပြီး
မျက်လုံးတွေက သေးငယ်လွန်းတော့ မမြင်ရဘဲ ဖြစ်တတ်တယ် ဒီအခါမှာ လူအဖြစ် ပီသအောင် အချစ်ကားကောင်းကောင်း
တစ်ကားလောက်ကြည့်လိုက် ပြီးမှ ချစ်သောမျက်စိနဲ့  မျက်စိတစ်ဆုံး ထပ်ကြည့်လိုက် မမြင်ရသေးဘူး
ဆိုရင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ရေးဝအောင်ထပ်အိပ်လိုက် အကို က အမြဲရှိနေမယ် အမြဲမှ
အမြဲတမ်းကိုရှိနေမယ် ညီမလေးအိပ်ပျော်နေတုန်းမှာ အကိုဟာ ညီမလေး မျက်ခွံလေးတွေဖြစ်တယ်
။
Comments
Post a Comment