genos (လူမျိုး၊ လူအများ) cide (သတ်သည်) + before 1944
ဘလော့ဂ်ပေါင်းစုံ
အာမေးနီးယန်း၊ ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယား၊ ကာ့ဒ်(ကာဒစ်ရှ်)၊ ဘော့စနီးယား၊ ရဝမ်ဒါ
မိုင်ကုန်မောင်းပြေးလွှား
သွေးကိုခလုတ်တိုက်လဲတဲ့ ယုန်ဖြူလေး ၁၉၉၄ မတိုင်ခင်အထိ
“ဒါဟာ
နာမည်မတပ်နိုင်တဲ့ ရာဇဝတ်မှုပါပဲ” (ချာချီ)
နာဇီတွေ
ဖျက်ချခဲ့တဲ့ သက်ရှိဝိညာဉ်တွေအားလုံးကို genocide တစ်လုံးတည်းနဲ့ လဲတယ်
လမ်ကင်ရဲ့
တစ်လုံးတည်းသော စကားလုံးအတွက် ဂျူးပေါင်း အသက်သန်းများစွာ ယုံကြည်ပေးခဲ့တယ်
သေသူတွေအားလုံးရဲ့နာမည်ကို
အဘိဓာန်လုပ်တမ်းကစားတဲ့ ပရောဟိတ လမ်းထိပ်မှာ အမှတ်မထင်ဆုံတုန်း ဟာခနဲထိတ်လန့် လက်ထဲက
ပဌာန်းစာအုပ်ပြုတ်ကျ
“ဒီကလေးကို
ငါတာဝန်မယူနိုင်ဘူး ဖျက်ချပေးပါ အညမညပစ္စယော တစ်ပတ်လည်
ဖုန်း
ring tone က ထမြည်နေတုန်း မင်းဖုန်းကို ပိတ်ခဲ့တာ ငါပဲ ၁၉၄၈ ဂျီနိုဆိုက်ဒ်ကွန်ဗင်းရှင်း
ဘာစကားမှမပြောဘဲနေရင်တောင် မင်းတိတ်ဆိတ်မှုဟာ အသံထွက်မှားတယ် သေမင်းပေါ်တယ်ပေါ်မှာ ဆီးရီးယားဒုက္ခသည်အလုံးအရင်းနဲ့
ဒုတိယကမ္ဘာစစ်နောက်ပိုင်း အများဆုံးလူလှိုင်းနဲ့ ဥရောပတိုက်ထဲ တွန်းထိုးဝင်ရောက်နေ ရခိုင်ပြည်ဘာသာရေးလူမျိုးရေးအဓိကရုဏ်း
ဂျီနိုဆိုက်ဒ်သတ်လို့ ဘုရားသခင်အလောင်းတွေ
မို့မောက်ပုံအော
ကန်ထရိုက်တိုက်အောက်မှာ အလောင်းကောင်တွေနဲ့ ဖောင်ဒေးရှင်းတည်ပြီး
အိပ်မက်အရ
ဂျီနိုဆိုက်စေတီလေး တည်ထားကိုးကွယ်တဲ့ ဂါဇာကမ်းမြှောင်ဒေသကို လှမ်းထုလိုက်တဲ့
မစ်ဇိုင်းကြောင့်
ကလေးတွေအကုန်သေ မြန်မာပြည်မှာမွေးတဲ့ ကလေး ၇၀ ရာခိုင်နှုန်းဟာ
ဆေးရုံ/ဆေးခန်ပြင်ပက
ဗုံးဥထဲက
အကောင်ပေါက်လာတဲ့ ရွစိရွစိလောက်ကလေးတွေ
ရှိရင်းစွဲသတ္တဝါ
fauna များနဲ့ ရှိရင်းစွဲသစ်ပင် flora များဟာ နိုင်ငံပိုင်ဂျီနိုဆိုက်များဖြစ်ကြောင်းလျှောက်ထား
လာပါသည်
ကန့်ကွက်လိုပါက ဤသတင်းပါပြီး ၁၄ ရက်အတွင်း အဓိပ္ပာယ်နှစ်မျိုးရှိသော စကားလုံးတွေကို
အဓိပ္ပာယ်နှစ်ခွမဖြစ်ရအောင်
context ပေါ်အောင် ရေးသားပြီးမှ ကျွန်တော် ပေါ်တယ်ပေါ် တင်တယ်
Hashtag
ခံပြီးရေးတယ် သီအိုရီအရ လေးယောက်ထက် ကျော်ရင် massacre လူအစုအဝေးလွန်ရင် holocaust
တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့်ပညာရေးမြင့်မားရေးအတွက်ဆို
ethnic cleansing နဲ့
Pogrom,
bloodbath သွေးရေချိုးပွဲ ဝမ်းကွဲဂျီနိုဆိုက်ဒ်ညီနောင်ပေါင်းများစွာ နင့်ကြောင့် ငါဖျက်ချခဲ့တဲ့ကလေး
လေးအသင်္ချေရှိပြီ
ငါ့အတွက် ရုပ်ရှင်ရိုက်ရတာ မုဒိန်းကျင့်ခံနေရသလိုပါပဲ (ဥရောပမင်းသမီးတစ်ဦး)
ပစ္စတိုနဲ့ပစ်လိုက်တဲ့
ကျည်ဆံက မှတ်ဉာဏ်ကို ကိုင်ပေါက် ကျောက်သင်ပုန်းအပြင်ကို လွင့်စင်လာတဲ့
အစ္စရေးပညာရေးဧည့်ခန်းမှာ
ပါလက်စတိုင်းလေးယောက်လာတယ် တစ်ယောက်ကို ပစ်သတ်လိုက်ရင်
ဘယ်နှယောက်ကျန်မလဲဆိုတဲ့
နည်းစနစ်နဲ့ လူမျိုးရေးသင်္ချာသင်တယ် အစ္စရေးရဲ့ မွေးစားအဖေ ဒေါ်နယ်ထရမ့်
မိန့်ခွန်းမှာ
လူမျိုးရေးမုန်းတီးစိတ်ကို လေခွင်းအား-ကြွက်သားပုံစံ aerodynamic-myoelastic model
နဲ့
ဌာန်
ကရိုဏ်းကျကျ အာစောက် pharynx ထဲမှာ သားသည်မိခင်ရဲ့သားအိမ်ဟာ ရဝမ်ဒါနိုင်ငံလုပ် ဂျီနိုဆိုက်ဒ်စက်တစ်လုံး
လို
နိစ္စဓူဝခုတ်မောင်း အာမေးနီးယန်း၊ ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယား၊ ကာ့ဒ်(ကာဒစ်ရှ်)၊ ဘော့စနီးယား၊
အရှေ့အလယ်ပိုင်း၊
ပင်လယ်ကွေ့၊
သမုဒ္ဒရာပိုင်းဇုန် မိုင်ကုန်ခုတ်မောင်းရင်း ချစ်တလင်းမှာ စစ်ခင်းချင်နေတဲ့ ကောင်မလေး
ဥာဏ်ပညာအတွက်
အချစ်အတွက် လစ်စဘွန်းက တစ်ညအတွက် လမ်ကင်ရဲ့နောက်ထပ်
စကားတစ်လုံးထပ်ရွေးပေးဦးမလား
အဲဒါလေးကို စဉ်းစား မင်းလေး သေချာစဉ်းစား
မောနွေ
မေ
၁၃၊ ၂၀၁၆
Inspired by #ArmenianGenocide and
#Women’sRight
Comments
Post a Comment