နှလုံးထိန်းစက်ထဲမှာ အက်ဝပ်ကို ယက်ကန်းနဲ့ထိုး နိုင်လွန်သွေးရောင်နဲ့ မနက်အာရုံဟာ ကျုပ်တို့မြို့ကို မိုးကုပ်စက်ဝိုင်းလို ကစားပြမှာ
ချက်ဘောက်စ်ဟာ စခရင်ထဲကနေ မျက်လုံးထဲကိုခုန်ဝင်လာတယ် ခုန်ဝင်လာတဲ့
ဂါရဝတရားနဲ့ အနာဂတ်မနက်ဖြန်များစွာကို ရောက်ရှိဖို့အချိန်မှာ
အချိန်ဟာ လှေကားတစ်ခုဖြစ်မယ် ငါတော်တော်မတ်စောက်ပင်ပန်းစွာ
တိမ်ရဲ့လက်ဖျံရိုးကို ဆုပ်ကိုင်လိုက်ရတယ် တိမ်ဟာ
ပျော့ပျော့အိအိကလေး
လူနေကမ္ဘာမှာ ရေကြီးလို့ ကောင်းကင်ကမ္ဘာမှာ တိမ်ကြီးလို့
လူနေဘဝထဲကိုပြေးဆင်းလာတဲ့ ကောင်းကင်တစ်ခုရဲ့ လူအဖြစ်နေထိုင်တာလည်း
ဖမ်းဆုပ်ရခက်ခဲတာ မွေးကတည်းကျွေးမွေးပြုစုစောင့်ရှောက်ခဲ့ရတဲ့
ဘယ်သူနဲ့ရလာမှန်းမသိတဲ့ စိတ်ဟာလည်း ထိန်းသိမ်းရခက်တယ်
စိတ်ကိုကိုယ်စားပြုတဲ့ ကုမ္ပဏီတွေတစ်ခုပြီးတစ်ခု လက်တွဲဖြုတ်
မကောင်းရင်လက်မတွဲ ကောင်းမှဆက်တွဲတဲ့ နှလုံးသားစီးပွားရေး လျှပ်စီးကြောင်း
တွေကိုလည်း မျက်ရည်ပူစန်းငယ်မှာ စိုရွှဲနေသလား နေသလား ဘဝဆိုတာ
အရည်ဖြစ်နေခြင်းပဲ
မျက်ဝန်းအစိုင်အခဲထဲမှာ အလင်းရည်စိုရွှဲနေပြီ
ခြေဖမိုးလေးကို ခိုးကြည့်တာကစလို့ စိတ်ဖမိုးကို မမြင်အောင်
ပြန်လည်ထိန်းချုပ်ထားတာကိုက
အမှန် သိလား အမှန်တရားဟာစာလုံးပေါင်းမှားလို့ အမှိန်တရားဖြစ်သွားတာ
မမြင်ရတာ အမှန်တရားနဲ့ ပက်လိုက်တဲ့ တီဗီဖန်သားပြင်ထဲကို
ဦးနှောက်ထည့်ဖွင့်လိုက်
ဘဝဟာ အက်ဝပ် ဟုတ်လည်းဟုတ်တယ် မဟုတ်လည်း မဟုတ်ဘူး - ငြိဏ်းဝေ
လူငယ်ဟာ ပလက်ဖောင်းပေါ်မှာ စီမံကိန်းတွေရောင်းစားတယ်
နေ့စဉ် ငွေအဝင်အထွက် အတွက် ခေါင်းစားမခံဖူးတဲ့သူဟာ
စေတသိက်ထဲ စကားအဝင်အထွက်အတွက်လည်း ခေါင်းစားခံမှာ မဟုတ်ဘူး
ငလျင်ကိုလည်း ပါးစပ်နဲ့ စေတလုံး "လှုပ်" ပစ်လိုက်မှာပဲ
သူမမြင်ဖူးတဲ့ ရေဒီယိုကအသံကို အနုရသပညာအာရုံဖျောဖြေမှုနဲ့ စိတ်ထားကိုချော့သိပ်
ရတဲ့ ဘဝ ငါတို့မြင်ဖူးတဲ့ EVD ကို အိမ်နဲ့ အပေါင်နဲ့က
တစ်ဝက်စီပိုင်တာကို သူမမြင်ဖူးဘူး
ဆရာဝန်ပြောတဲ့ မြင်လိုက်ရတဲ့ အစက်အပျောက်လေးဟာ
သူ့ရေဒီယိုစကားလုံးထဲက ငလျင်အသံလမ်းကြောင်းပေါ်က ငါ့ရဲ့ညနေ
အကြောင်းရေးထားတဲ့ ပန်းချီ ပန်းချီကားတစ်ချပ်လုံးကို မျိုချတာ
ခင်ဗျားမသေဘူးလား
ငါဟာ ဘယ်တော့မှသေမှာမဟုတ်ဘူး
ပြန်မယ်နှုတ်ဆက်ပြီးမှ ပြန်တက်လာမယ့်
ရုပ်အဟောင်းစိတ်သူစိမ်းဆက်ဆံရေးသီအိုရီကိုတောင်
အတွင်းသားထဲမှာ တောင်းပန်ထားတယ် ညောင်ကိုင်းမှာ သစ်စေးနဲ့
ချိတ်ခဲ့တဲ့ မကောင်းတဲ့ကံမှန်သမျှ တမဟုတ်ချင်း ငါ့ရဲ့
လိုင်စင်ဖြစ်စေ ကြယ်မိုးနဲ့ငလျင်ငါ့ဇာတာထဲကြွေစေ
ပေါက်ကွဲသွားတဲ့ ယတြာဟာ ဆပ်ပြာပူဖောင်းတွေကို ဘယ်လိုမှ
ရေတွက်လို့မရဘူး
ဆယ်နှစ်ရက်ဟာ ငါ့ဆီလာနေတယ် အိမ်က ငါ့ဆီက ထွက်ပြေးချင်နေတယ်
ငါက မိသားစုဆီက ထွက်ပြေးချင်နေတယ် ထွက်ပြေးချင်နေတဲ့
လူချင်းမတွေ့ဖြစ်ကြရင်တောင်
ငါ့ဆီက ထွက်မပြေးဖို့ မေတ္တာချင်းတွေ့ကြပလေ့စေ လမ်းချင်းမတူရင်တောင်
ဖိနပ်ချင်းတော့ ဆင်တူစီးကြမယ်
လျှပ်စီးကို ရွှေသင်္ကန်းကပ်ပေးရလောက်အောင် အဖိုးတန်နေတဲ့ ဂတ်တို
တို့ရပ်ကွက်မှာ
ဆင်းထုတော်ကို ပိုက်ဆံသင်္ကန်းကပ်ပေးရလောက်အောင် ခေးအော့စ်
အစာအိမ်နဲ့
အချစ်အကြောင်းကို လူရာဝင်အောင် ပြောချင်နေသေးလား အိမ်ခြေမဲ့လူငယ်
အာသဲနာကလို အိမ်ထောင်ကျမှ အသက်ကိုစရေတွက်ချင်နေတဲ့ လူငယ်
အမြင့်ဟာ နိမ့်ရာကမြင့်ရာကို စီးဆင်းတယ်
မျက်ရည်ဆိုတဲ့ ဂလိုင်အကြီးကြီးနဲ့ ငါ့ရဲ့ဟောင်းလောင်းဖြစ်နေခြင်းက
ကွက်တိပဲ
မိုးပေါ်ပျံတော့မယ့် ဖောရက်စ်ဂန့်ထဲကလို
ကောင်းကင်နှစ်ခုဖြစ်ရလေအောင်
ငါ့ရဲ့ ကောင်းကင်၊ မှဲ့ဆိုတာ ခန္ဓာကိုယ်ပေါ်ကကြယ်
မင်းအရေပြားဟာကောင်းကင်
ငါ ဘယ်အထိ ပျံဝဲပြရမလဲ
အမြင့်ဟာ မြင့်ရာကနေလည်းနိမ့်ရာကို စီးဆင်းပေးပါ
အိပ်မက်မော်ဒယ်ချင်းမတူတော့ ကိုယ့်ကာဘွန်ဒိုင်အောက်ဆိုက်က
ပိုအဆိပ်ရှိနေသလိုလို
ခံစားရတာ လျှာများဟာ နှလုံးထိန်းစက် အသဲမဲ့အောင်နေ
အပိုစကားတွေ မပြောရင်ကောင်းမယ်ထင်တယ် ဘာဖြစ်ချင်နေတာလဲ။ တဲ့။
မောနွေ
2011
Comments
Post a Comment