မင်းဆီငါ လာရောက်ဆွေးမြေ့ရခြင်း မီးခိုးအူတွေ


မင်းဆီငါ နေ့ညနှစ်ဘက်လုံး ဝါယာကြိုးနှစ်မှင်ပူးလို ရှော့ခ်အဖြစ်စီးဆင်းပါမယ်
ပူဆွေးအထီးကျန်ခြင်း ပြာမှုန်လို ကင်ဆာလို ဘဝတစ်ခုလုံး ကိုယ်ရည်ပျက်ပြီးတဲ့နောက်
နေကောင်းရဲ့လား ရှော့ခ်အဖြစ် နေ့ညနှစ်ဘက်လုံး ပူဆွေးနေတယ်
ငါသတိရပါတယ် ကြေကွဲဖို့ ကိုယ့်ကိုယ်ကိုယ် လူကုန်ကူးသလို နိုင်ငံကူးလက်မှတ်တွေမင်းကြိုးစား
နာကျင်ကြေမွဖို့လည်း အသင့်အနေအထားမှာ ရှိပါတယ်
“ငါတွေးတယ် ဒါကြောင့် ငါရှိတယ်” ဆိုတာနဲ့ ဝေးတယ်
မင်းဆီငါ ဝေးပါတယ် လာနေဆဲပဲမို့ မင်းဆီငါလို့ သုံးပါတယ်
မင်းဆီငါ စိတ်အလောင်းပုပ်ပွခဲ့တာတွေရှိတယ် မသာယာလို့ အန္တရာယ်
မင်းဆီငါ ငါသတိရပါတယ်ဆိုတာ အန္တရာယ်ရှိသော အရာများပါ
စိုးရိမ်ဖွယ် အရေးအသားများကြားမှာ ကိုယ်လောင်ကျွမ်းနေတာကို ညတွေ တစ်ညမကတဲ့
မီးခိုးအူတွေလို မင်းဆီငါ နေ့ညနှစ်ဘက်လုံး မျက်လုံးအကန်း နားအကန်းတွေ
မင်းဆီငါ သြဂုတ်လရဲ့  ညနေတစ်ခုမှာ ပြောဖြစ်ခဲ့တဲ့ စကားတချို့တစ်ဝက်တွေ လေအေးပေးစက်
အောက်မှာ သူစိမ်းတွေနဲ့ သိုက်သိုက်ဝန်းဝန်း မင်းဆီငါ မပျော်ရွှင်ခြင်း တယ်လီဖုန်းမြည်သံ
ဘယ်တော့မှ မဆက်သွယ်ပါဘူး တားမြစ်ဆေးဝါးတွေလို မင်းဆီငါ
တစ်ခါတလေတောင် နှစ်ဦးသဘောတူ လောင်ကျွမ်းမှုရှိမှ လွမ်းမှာပါ
မင်းဆီငါ မီးတောင်လို သေနေတာ သူများတွေနေဝင်တဲ့အချိန်မှာ
ငါက နေသေနေတာ ဟောင်းလောင်းပေါက် နာမည်လေး
ချစ်စရာကောင်းတယ်လို့ မင်းပြောခဲ့တာတွေ မင်းဆီငါ အရင်ကစကားပြောခဲ့တဲ့
ငါနားမလည်တဲ့ စက္ကောမမြို့တော်ကြီးမှာ မတည်ဆောက်ခင်နေ့က အရင်းနှီးဆုံးနေ့က မင်းဆီငါ
ရှင်သန်ခွင့်မရှိတဲ့ နေ့တွေမှာ အိမ်မှာရှင်လူလို ဟန်ဆောင်နေနေခဲ့တာ
အာရုံကြောပုံသဏ်ဌာန်တွေ ဝေဝါးနေတယ် မင်းဆီငါ ဒဏ်ရာတွေနဲ့
ခြောက်လက်မထက်ပိုရှည်တဲ့ ဓားမြောင်တစ်ချောင်း မင်းအကြောင်းတွေ
ခုတ်ဖို့ထစ်ဖို့ မယဉ်ကျေးသော ငါတို့အသိုင်းအဝိုင်းမှာ ငါလိုကောင်တွေ
မောနွေလိုကောင်တွေ သိပ်သတိရတာပဲ မင်းဆီငါ ဘဝတစ်ခုလုံး ငြိမ်ဝပ်ပိပြားမှုဗလာနဲ့
အသက်ရှင်နေရတာ နှမျောစရာကြီး တစ်ချက်ချက်
စက္ကန့်တွေကြားမှာ တစ်ဆတ်ဆတ် ဘဝ ငါသေသွားတယ် မင်းဆီငါ မဟာအဝီစိလို ။


မောနွေ ။

25.4.2011
04:45 am

Comments

Popular Posts