အချစ်



ဒဿနိက ပညာရပ် သင်ကြားမှုတစ်ခုမှာ …
"all swans we have seen are white, and therefore all swans are white,"
ငါတို့ တွေ့ဖူးသမျှ ငန်းအားလုံးဟာ အဖြူရောင်ဖြစ်တယ်။ ဒါကြောင့် ငန်းအားလုံးဟာ ဖြူတယ်။
(a is a white swan, b is a white swan, etc.)
အဲဒီိလိုအဆိုရှိတယ်
ဒါပေမဲ့ တစ်နေ့မှာတော့ ငန်းအမဲ တစ်ကောင်ကို တွေ့ခဲ့တယ်။တစ်ကောင်တည်းမှ တစ်ကောင်တည်း။
အဲဒီတစ်ကောင်ကြောင့် “ငန်းအားလုံးဟာ ဖြူတယ်” ဆိုတဲ့ အဆို ပျက်သွားတယ်။

အက်တမ် တစ်ခုက အက်တမ်တစ်ခုကို ပန်းပုအသံပြုတယ်
အက်တမ်ထဲမှာ အီလက်ထရွန်နဲ့ ပရိုတွန်တို့ စွဲစွဲမြဲမြဲ နမ်းကြလို့
ညဟာ အလန့်တကြား ကလုန်းခွဲပြီး အစစ်အမှန်ကို သိုဝှက်လိုက်တယ်
မနက်အဖြစ် အဆင့်ဆင့်ပွင့်လာမယ့် အက်ရှင်ဟာ
အလှဆုံး အတိဿယဝုတ္တိ ပါပဲ။

တစ်ခါတလေမှာ လူတွေဟာ ဝင်သက်ထွက်သက်ကို ခဏချွတ်ပြီး
ဟုမ်းပေ့ခ်ျထဲကရော “ကျွန်တော်” ထဲကပါ စွန့်ထွက်လာတာ
ခပ်ဝေးဝေးမှာ ဂျူပီတာဂြိုဟ်နဲ့ မားစ်ဂြိုဟ်ကြား အနီးဆုံး Distance ကိုရောက်တော့
ရိုမန်းတစ်ဂျစ်ဆော ကို နဂါးငွေ့တန်းနဲ့ ပုံဖော်ပြတာ
အတွေးအခေါ်နဲ့ ပုံဖော်ပြတာ တန်ခိုးပေါင်း ၂၆၄၁ ခု ပြတာ
သဘာဝတရားကို ကြောက်စရာ လော့ဂျစ်တစ်ခုလို့ မြင်လာရင်လည်း
နှလုံးသား ဒီမိုကရေစီဆန္ဒပြတောင်းခံသူတွေထဲ

မှာ ရသဟာ အဘိဓမ္မာပဲ
ငါ ဆာလောင်နေတဲ့  မင်းရဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို သစ်ပင်စိုက်ပြီး
ပန်းသီးအဖြစ် ပြန်လည် ခူးဆွတ်ပါ့မယ် Adam’s  Apple အဖြစ်ကိုပဲ
ကမ္ဘာမြေကြီးရဲ့ စွဲဆောင်မှု ကြောင့်လို့ ပန်းသီးရဲ့ ကြွေကျမှုကို မြင်အောင်ရှုလိုက်ပါ။

*စကြဝဠာထဲမှာ မြင်နေရတာဟာ လူဟာ သေးလိစ်ရဲ့ စဉ်းစားဥာဏ်
ရေရဲ့ ဒွာရကိုးပေါက်နဲ့ ဖွဲ့စည်းထားတဲ့ structure
စကြဝဠာထဲမှာ မြင်နေရတာဟာ လူဟာ ဟေရာကလိုက်တပ်စ်ရဲ့ စဉ်းစားဥာဏ်
မီးရဲ့ ဒွာရကိုးပေါက်နဲ့ ဖွဲ့စည်းထားတဲ့ structure*
လူနဲ့ လူရဲ့ဖြစ်မှုမှာ post modern စဉ်းစားဥာဏ်
သီးသန့် exclusive စကြဝဠာမှာ မြင်နေရတာဟာ လူဟာ
ဖြစ်မှု(Time) နဲ့ ပျက်မှု(Space) ကြားက အနီးဆုံး distance မှာ
သေခြင်းရဲ့အင်းဆက်တွေ တောင်ပံမခတ်သေးတဲ့ ကိုင်းဆက်
သူမရဲ့ ပီကေ(PK) Chewing Gum လို့ခေါ်တဲ့ စိတ်နှုတ်ခမ်းက
ပူပေါင်းလေးကို သိစိတ်အလျင်နည်းနဲ့ ဖောက်မြင်နိုင်မှု
transparency ကို ဖွက်လိုက်တာ။
( ဖောက်မြင်နိုင်မှုကို ဖွက်လိုက်တာဟာ blank ကို blank နဲ့ ဖုံးထားသလိုပဲ
စိတ်ကို စိတ်နဲ့ ဖုံးထားသလိုပဲ ဘယ်သူမှမသိနိုင်ဘူး ပြုသူနဲ့ဖြစ်သူမှ လွဲ၍ )

သဒ္ဒါမှာ passive voice က ခံရသူ object နေရာ
ဘဝမှာ passive voice က အရေးပေးခံရသူ subject နေရာ
ဒီတစ်ခါ ဝင်ကစွပ် ဖြစ်လာတဲ့ လက်စွပ်တစ်ကွင်းဟာ
သင့်တော်တဲ့ multiple choice အနက်အဓိပ္ပာယ် လက်သူကြွယ်လေးပါ။

တကယ်တော့ ပိရမစ်ဆိုတာ ဂူသင်္ချိုင်းပါပဲ
ငါ့ကိုယ်ငါ မြှုပ်နှံဖို့ တည်ဆောက်ထားခဲ့တာပေါ့။
( မူရင်းရေးသူ - မင်းခိုက်စိုးစန်။ သူ၏မှတ်စု၊ စာမျက်နှာ - မသိ၊ ပါဒ - ၁၄၊ ၁၅ … မှ)

ဘဝမှာ ဘယ်နှခါလောက် လွဲချော်ခွင့်ရမလဲ အက်တမ်ကလေးရဲ့
စိတ်ရဲ့ အပျော့ပျောင်းဆုံးအရိုးဟာ မင်းဖြစ်သွားတယ်
တစ်ခါတလေ ဝမ်းနည်းစရာကောင်းတာက
အနုပညာဟာ ဘာကိုမှ လုံလုံလောက်လောက် ကိုယ်စားမပြုပေးနိုင်ဘူး
မင်းဟာ ပန်းချီအနုပညာကို နှစ်သက်သူတစ်ယောက်လား
ပန်းချီကားတစ်ချပ်မှာ ငါ့နာမည်တပ်ပါ
ပုံဆွဲပါ ဘာသာစကားရဲ့ စလိုဂန် ရေးပါ
ပထဝီမြေကြီးကို နမ်းပါ အနမ်းထဲမှာ အောက်ဆီဂျင်ထည့်ပါ
အရောင်ရဲ့ အရေပြားတွေကို ဖြန့်ကားပါ
စိတ်ကိုပန်းချီကားထဲ သွင်းပါ
မင်း ဘာအဓိပ္ပာယ်ရမလဲဆိုတာ ငါသိချင်မိတယ်။

All swans are white. ငန်းအားလုံးဟာ ဖြူတယ်။
ဆိုတဲ့ အဆိုပျက်သွားပြီ
ငါတို့ black swan တစ်ကောင်ကို အတူတူတွေ့ထားကြပြီ မဟုတ်လား
August

မောနွေ
19.8.2011 – 20.8.2011(03:30 am)



* ---- *  - S.E.Frost ရဲ့ Basic Teachings of the Great Philosophers စာအုပ်
Man's Place in the Universe အခန်း၊ အခန်းငယ် - ၁ မှ ကိုးကားဖော်ပြချက်။ ( မြန်မာပြန် - မောင်မောင်ဇေယျ )

Adam’s  Apple - လည်စေ့


Comments