ယခုကဲ့သို့ အကောင်းဆုံးဆုကို မဆွတ်ခူးမီ ယခင်ကာလတစ်လျှောက်လုံး တောက်လျှောက် အဖြုတ်ခံခဲ့ရတဲ့ ဖင်[Film]

ကမ္ဘာမှာအစောဆုံး စပေါ်ခဲ့တဲ့ ဖင်[Film]ဟာ ခရစ်နှစ် ၁၈၈၅ မှာ ဖြစ်ပါတယ် ၊၊ အဲ့ဒီ ဖင်[Film] ကို လူနည်းစုနဲ့စလုပ်ကြတာဖြစ်ပါတယ် ၊၊ လူနည်းစုကိုပဲ ပြသခဲ့တဲ့ ဖင်[Film]ပါ ၊၊ ဒါပေမယ့် ၁၈၉၀ခုနှစ် ကမ္ဘာမှာ ဒုတိယပေါ်တဲ့ ဖင်[Film]လို့ နှောင်းပိုင်းအင်တာနက်မှာဖော်ပြလာမယ့် ဖင်[Film]ဟာ
သူတို့သာ ကမ္ဘာမှာပထမဦးသော ပေါ်တဲ့ ဖင်[Film]လို့ ငြင်းဆိုခဲ့ပါတယ် ၊၊ ဖင်[Film]ဟာ သမိုင်းအစဦးမှာကတည်းကကို အငြင်းပွားစရာဖြစ်ခဲ့တဲ့ အရာလို့ ယူဆလို့ ရပါတယ်၊၊ အဲ့ဒီခေတ်အတွင်းက ရှေ့မီ နောက်မီတွေဟာ ဖင်[Film]မပေါ်ခင်အခြေအနေ နဲ့ ဖင်[Film]ပေါ်လာပြီး အခြေအနေ ကွာခြားသွားတယ် ဒါဟာလူသားတွေရဲ့ အခန်းကဏ္ဍအသစ်တစ်ခုကို ဖွင့်ပေးလိုက်တာ ဖင်[Film]မပေါ်ခင်က ကုန်လွန်ခဲ့တဲ့ အချိန်တွေကို နှမျောတာပဲ လို့ ပြောဆိုခဲ့ကြပါတယ် ၊၊ ဒါဟာ ဖင်[Film]ရဲ့ အဲ့ဒီခေတ်အတွင်းက လူတွေ အပေါ် ဖင်[Film]ပေါ်ပေါ်ချင်း လွှမ်းမိုးခဲ့နိုင်မှု လို့ ဆိုလိုလို့ ရပါတယ် ၊၊ အသံထွက်ကို ကျွန်တော့်ဗမာ နားနဲ့တော့ဖင်း ဟုကြားသည်။ဖလင်လို့ထွက်ချင်ရင် Flim လို့ပေါင်းမှရပါမယ်။ ဒါပေမယ့် ဖလင် ဆိုတာ film ကို ဗမာ စကားအဖြစ် မွေးစားထားတာဆိုရင်တော့ မပြောတတ်ဘူး။ မီးရထားလမ်းပေါ်က ဇလီဖားတုံးဆိုတာ sleepers ကနေမွေးစားထားသလိုပေါ့။ဒါပေမယ့် ဗမာပြည်ပြင်ပရောက်ရင်တော့ ဖလင်လို့ အသံမထွက်သင့်ဘူး ထင်ပါတယ်။ ဖင်[Film] ကို ဖင်လို့အားရပါးရခေါ်ရမှလည်း ဖီးအပြည့်ရှိသကိုး။ လှုပ်ရှားနေသော လူသတ္တဝါ၊ ဝတ္ထု၊ သဘာဝတို့ကို အစဉ်လိုက်ဓာတ်ပုံကူးယူပြီးနောက် ထိုဓာတ်ပုံဖင်[Film] ကော်ပြားကိုအလင်းဖြတ်သန်းသွားစေ၍ ဓာတ်ပုံ၏အရိပ်များကို ပိတ်ကားပေါ်သို့ကျရောက်စေခြင်းပင်ဖြစ်သည်လို့ မြန်မာစွယ်စုံကျမ်းထဲမှာ ဖင်[Film] ကို ဖွင့်ဆိုထားပါတယ်။ တချို့ ဖင်[Film] တွေဟာ Zoom အဆ ၄၀ ဆွဲဖို့ဆိုတာ တော်တော်မယုံနိုင်စရာပါပဲ။ သို့ပေမယ့် Olympus ကတော့ တကယ်လုပ်နိုင်ခဲ့ပါပြီ။ Pixels ၁၄ သန်းအထိ ထိထိရောက်ရောက် အသုံးပြုနိုင်တဲ့ Optical Zoom အဆ ၄၀ သုံး ကင်မရာ SP-820 UZ ကိုလာမယ့် စက်တင်ဘာက စပြီး အမေရိကန်မှာ စတင်ဖြန့်ချိမှာ ဖြစ်ပါတယ်။ 35mm full frame –f3.4-3.5 lens ကိုအသုံးပြုထားပါတယ်။ ယနေ့ခေတ်ကင်မရာများ Wide angle အနိမ့်ဆုံးကို 24-28mm မှ စတတ်ကြပေမယ့် Sp-820 ကတော့ 22.4mm ကနေ Setting စပါတယ်။ ပြီးတော့ 896 mm ရောက်လည်း ရပ်တန့်မသွားပါဘူး။ Olympus ရဲ့  စူပါ resolution zoom က သာမန် ဒီဂျစ်တယ် zoom ရဲ့  ၂ ဆနဲ့ ညီမျှပါတယ်။ တချို့ ဖင်[Film] တွေက အလှုပ်တွေပါ။ Continuity ကို အသားပေးပြီး လှုပ်ရှားမှုအသားပေးတဲ့ ဖင်[Film] တွေဟာ အရသာတစ်မျိုးပေးသလို Point of View နဲ့ ရိုက်ပြတဲ့ ဖင်[Film] တွေဟာလည်း Third Person ပျောက်ဆုံးစေတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ဖင်[Film] ထဲရောက်နေရသလို ခံစားရစေပါတယ်။ ဒါပေမဲ့ ဒီလိုခံစားမှုမျိုးက ဖြစ်ခဲပါတယ်။ ကိုယ့်ဟာ မတော်တဆ ဖင်[Film] ထဲကို ရောက်နေပြီဆိုရင် သတိလက်လွတ်ဖြစ်သွားပြီး ကိုယ့်ဟာကိုယ် ဖင်[Film] ထဲဝင်လို့ဝင်နေမှန်းတောင် သတိမထားမိနိုင်တော့ဘူးလေ။ ဖင်[Film] အကြောင်းပြောတဲ့အခါ ကင်မရာတွေဟာလည်း မပါလို့မရပါဘူး။ ဖင်[Film]တွေကို ကင်မရာနဲ့ သေချာရိုက်ပြမှရတာမဟုတ်လား။ ပထမဆုံးသော ကင်မရာဟာ ရီချတ်လိခ်ျရဲ့ တီထွင်မှုတစ်ခုကို အကြောင်းပြုရာကနေ ဂျော့ဂ်ျအိစ်မန်းက ထွင်ခဲ့ပြီး ဖင်[Film] ရိုက်ကင်မရာတွေ စပေါ်လာတာပဲလို့ မှတ်ရမှာပါ။ ဒီ ကင်မရာတွေဟာ လူ့အဖွဲ့အစည်းအပေါ်အကျိုးဖြစ်ထွန်းမှုတွေရှိစေသလို အကျိုးယုတ်စေတာလည်းရှိစေ ခဲ့ပါတယ်။ ဂျော်ဂျီယာ၊ Banks County က DYI စတိုးတခုတွင်းက သန့်စင်ခန်းကို သွားခဲ့တဲ့ အသက် ၄၀ အရွယ် အမျိုးသမီးဟာ အိမ်သာခုံမှာ တစုံတယောက်က နောက်ပြောင်းကျီစယ်လိုတဲ့သဘောနဲ့ ဆင်ကော်တွေ ကပ်ထားတာ မသိလိုက်ပဲ သွားမိရာက ဖင်အရေပြားတွေဟာ ဆင်ကော်တွေနဲ့ကပ်နေခဲ့တာပါ။အခုလို ဒီအမျိုးသမီး အိမ်သာတက်ရင်း ဆင်ကော်တွေကပ်ပြီး ဒုက္ခရောက်ရတဲ့ အဖြစ်ဟာ ကြံကြံဖန် ဖန် နောက်တတ်သူတွေက လုပ်သွားတယ်ဆိုတာ ဖြစ်နိုင်လို့ ဘယ်သူ လုပ်သွားသလဲ ဆိုတာ စီစီတီဗွီကင်မရာကို ပြန်ကြည့်ပြီး သက်ဆိုင်ရာက စုံစမ်းနေ ပါတယ်လို့ သိရပါတယ်။ ဘေးထွက်ဆိုးကျိုးအနေနဲ့တော့ ဖင်[Film] ရိုက်ကင်မရာတွေကြောင့် လူတွေဟာ မသင့်လျော် စရာတွေအလွယ်တကူကြုံတွေ့လာကြရပါတယ်။ ဖင်၊ အိုး၊ ဂျော အမျိုးမျိုးခေါ်ကြတာပေါ့ဗျာ မြန်မာလိုတော့။
ဒီလိုဘန်းစကားအမျိုးမျိုးနဲ့ခေါ်လာတဲ့ခေတ်မှာ ဖင်[Film] တွေဟာ ပိုရှည်၊ ပိုကြီး၊ ပိုခမ်းနား၊ လာတဲ့အတွက် အခု ခေတ် လို အင်တာနက်အသုံးပြုမှုကျယ်ပြန့်လာတဲ့အခါမှာတော့ ဒါကို သီးသန့်လုပ်တဲ့ ဝက်ဆိုက်တွေ ပေါ်လာပါတယ်။ အဲတော့ အင်တာနက်သာ အသုံးချတတ်လို့ကတော့ ဥရောပ၊ အာရှ၊ အာဖရိကဟာ ကြည့်မလားပြည်တွင်းဖြစ် စနက်ရှော့လေး တွေကိုပဲ အားပေးချင်သလား ဒါမှမဟုတ် တူတာချင်းမှ နှစ်သက်ပါသတဲ့ ဆိုသဟာတွေကို လေ့လာချင်သလား။ လူ့အဖြစ် ကလျောကျလို့ တိရစ္ဆာန်နဲ့ သံဝါသတာကို ကြည့်ချင်သလား။ အကုန်မြင်ရစေ့မယ် စိတ် ချ။ ရုပ်ရှင် မကြည့်ချင်သပဆိုရင်
လဲ မလုံ့တလုံ ဓာတ်ပုံကြည့်မလား သဘာဝအတိုင်းလေးပဲ နုနုရွရွလေးခံစားချင်သလား ဒါမှမဟုတ် ကျုပ်တို့ကတော့
စာဖတ်တာမှ အားရတာဗျာဆိုရင်လည်း စာအုပ်ရှိပါ့။ ကာတွန်းနဲ့မှခံစားချင်တယ် ဆိုရင်လည်းကာတွန်း
ကြိုက်တာအကုန်ရနိုင်တဲ့တကယ့် “ လိုတရ” အင်တာနက်ကြီးပါပဲ။ထွက်လာလိုက်တာတွေကလည်း ဟောတစ် ခု ဟောတစ်ခု။ မှတ်တမ်းဖင်[Film] လား၊ ဇာတ်လမ်းဖင်[Film] လား၊ အိမ်လုပ်ဖင်(Homemade Film)လား အမျိုးပေါင်းသောင်းခြောက်ထောင်မို့ တုနှိုင်းမလေနဲ့ လူတိုင်းအလယ်မှာ သူ့ဂိုဏ်းသင့်မကွဲ့ဆိုတဲ့ ဖင်[Film] ပါပဲလေ။

ဇာတိ၊ မောနွေ
၂၀၁၅

Source – Google, Facebook

Comments

Popular Posts