ပျံသန်းပါ။ ဘက်ကြည့်မှန်အချက်အလက်တွေထဲကနေ ငါ့ကိုပြန်လှည့်လှည့်မကြည့်နဲ့ ။


ချစ်ခြင်းမေတ္တာမှာ frequency ထပ်ကြိမ် ဘယ်လောက် amplitude လွှဲကျယ် ဘယ်လောက်ဒေတာရှည်ဆန့်နိုင်
အမှောင်သီအိုရီမှတ်ဥာဏ်ထဲမှာ တောင်ဝင်ရိုးစွန်းက upload အနုပညာနဲ့ မြောက်ဝင်ရိုးစွန်းက download ပုထုဇဉ်တို့ရဲ့

ထိတွေ့မှု metamorphosis ယန္တရား တွဲနံပါတ် ၃
ခြင်တစ်ကောင်ဟာ ၇၆ နာရီအသက်ရှည်တယ် metamorphosis ယန္တရား တွဲနံပါတ် ၃
ဘုရားသခင်ရဲ့ တန်ခိုးတော်နဲ့ ယန်းပေါလ်ဆာ့ထ်ရဲ့ Philosophical Suicide အကြား metamorphosis ယန္တရား တွဲနံပါတ် ၃
အိုးချင်းထား အိုးချင်းထိ၊ စိတ်ချင်းထား စိတ်ချင်းထိ စိတ်ရဲ့ C-Box မှာလည်း metamorphosis ယန္တရား တွဲနံပါတ် ၃။


အပ်တစ်ချောင်းကြောင့် လေလုံနေတဲ့အသံဟာ ပေါက်ကွဲထွက်
တန်ဖိုးကိန်းဂဏန်းတွေဟာ ချစ်းခြင်းကိုမခွဲပါနဲ့ သီချင်းစာသားနံရံပေါ်မှာ metamorphosis ယန္တရား တွဲနံပါတ် ၃
Universe ( ယူနီဗာ့စ် ) အမှန်က Un-inverse ( အဲန်အင်ဗာ့စ် )သည် တစ်ပြိုင်နက်တည်းမှာပင် ကျုံဝင်ဆန့်ကားနေ

metamorphosis ယန္တရား တွဲနံပါတ် ၃
ညီမလေးလည်း ပရိုဂရမ်ပဲ ကဏ္ဍ anti-clockwise သွေးစီးကြောင်း metamorphosis ယန္တရား တွဲနံပါတ် ၃
အချိန်မရှိခင်တုန်းက ယေဟိုးဝါးဟာ ဘယ်မှာသွားနေသလဲ Atheist တစ်ယောက်ရဲ့ မေးခွန်း metamorphosis ယန္တရား
တွဲနံပါတ် ၃


အာရုံခံစားပုံ အသစ်အဆန်းအင်ဂျင်တပ်ပြီး နေစကြဝဠာကဗျာဂြိုဟ်ကြီးကိုးလုံးဆီပျံသန်း
အတွင်း ၃၇ မင်း၊ အပြင် ၃၇ မင်း၊ ပြိတ္တာ ၁၆ မျိုး၊ ဗြဟ္မာဘုံ ၂၀ metamorphosis ယန္တရား တွဲနံပါတ် ၃
အတွေးအခေါ်ဟောင်းနွမ်းပုပ်ပွလို့ ခေါင်းထဲမှာ လောက်တက်နေပြီ
မချစ်ရင် ပစ်မယ် ကျိုက်ထီးရိုးသေနတ် ငါ့တို့အယူဝါဒက ရေဘဝဲလို လက်ချောင်းတွေ
မကြိုက်ဘူး metamorphosis ယန္တရား တွဲနံပါတ် ၃


မောင်ချောနွယ်သေပါပြီဆို မောင်ချောနွယ်မသေသေးဘူး လာလုပ်နေကြသေး ကွန်ဆာဗေးတစ် ယူနီဖောင်း
ကဗျာဗေဒ Black Hole ရဲ့ တစ်ဘက်မှာ Alien ဆန်ဆန် ဖိတ်ခေါ်လိပ်စာကဒ်ပြားတွေ
ချစ်သူရဲ့ ဘရာစီယာကြိုးပေါ်တာမြင်လိုက်ရတဲ့အခါ Platonic Love ပိုင်ရှင် လူငယ်လေးရဲ့ ခေးအော့သတိပဌာန်
အဆိပ်ကိုရေလောင်းပေါင်းသင်ပြီး ရွှေသင်္ကန်းကပ်ထားရင် metamorphosis ယန္တရား တွဲနံပါတ် ၃
သေခြင်းတရားဟာ Smile shot ကင်မရာတစ်လုံး ရိုက်ပြီဟေ့ Flash ! metamorphosis ယန္တရား တွဲနံပါတ် ၃


အလင်းဟာ metamorphosis ကြောင့် အက္ခရာအနေနဲ့ အသွင်ပြောင်းလာတာကို
ပထမဆုံးအနေနဲ့ မမြင်ဖူးချင်ဘူးလားလို့ ခင်ဗျားလူကို သွားမေးကြည့်လိုက်ဦး


မောနွေ။   ။
21.5.2011
3:25 am

Comments

Popular Posts