မန်မိုရီကို ချဲ့ထား တစ်ခုခုပေးတော့မယ်။ တစ်ခုခုပေးတော့မယ် သိမှုကို အသင့်ပြင်ထား ဖြန့်ခင်းထား


ဘာရေးရမလဲဆိုတာ ကြိုသိနေရင် ခင်ဗျားရှုံးတာပဲ ။
သိမှုကျင်တွယ်ဟာ ထောင့်သုံးထောင့်နဲ့ ဟုတ်စ
သိမှုဟာ ဘယ်အချိန်ကန်ကန် အိမ်ကွင်းကပဲ  ဟုတ်စ
မျက်လုံးထဲကို ခေါင်းရောက်သွားတော့ အချက်အလက်တွေပဲ မြင်ရတယ်
အမည် ။ ။ မှတ်ပုံတင်အမှတ် ။ ။ နိုင်ငံသား ။ ။ ကိုးကွယ်သည့်ဘာသာ ။  ။ အရပ်အမြင့် ။ ။
အချက်အလက်ကို ကုလားဖန်ထိုးလိုက်တော့ မြင်ရတယ် မြင်ရတယ်
ဗလာနတ္ထိဖရိမ် အနားစမှာ သိမှုရင်ထိုးနဲ့ မင်္ဂလာပါ မှတ်ဥာဏ်ထဲက ဘုရားသခင်များ ။

ဘယ်လိုခုတ်မောင်းရင် ကောင်းမလဲစဉ်းစားနေတာပဲ
အားလုံးအဆင်သင့်ဖြစ်နေပြီ သိမှုတစ်ခုကလွဲရင်
မှတ်ဥာဏ်ထဲချောင်းကြည့်တော့ အချက်အလက်ပဲ တွေ့ပြန်တယ်
သိမှုဟာ ဗဟိုချက်က ပင့်ကူ ငွေကြေးဆာလောင်လာတယ်
အရေပြားပေါ် မနက်ဖြန်ကို ကျားကွက်ရွှေ့လိုက်တယ်
အပြောင်းအရွှေ့ဈေးကြီးတယ်



သိမှုဟာ ဒီလိုပုံသဏ္ဍာန်လား
သိမှုဟာ " ၃ " ဂဏန်း လို ပုံသဏ္ဍာန်လား
မနေ့ကဟာ ဆတ်ကော့လတ်ကော့ မောင်လေးနေကောင်းလား ဥပမာပြောပြတာ
မနေ့ကဟာ ကားပျက်တယ်
ဂီယာကြီးနဲ့ မောင်းတာတောင် ကဗျာက တစ်ချက်မရွေ့ဘူးလား
 ! ! !
ခုန်ပါ ။


မကောင်းတာလုပ်စားတဲ့ မိန်းမတစ်ယောက်ကို "ချစ်တယ်" လို့သွားပြောရင်
သူ့ကို အချိန်ပိုင်းငှားဖို့ ဈေးလာညှိတယ်ပဲ ထင်မှာပဲ။
ဒီကိစ္စမှာဘာသာစကားလည်း မကယ်နိုင်ဘူး။
ခင်ဗျားဒီလိုမဖြစ်စေနဲ့။ sth like that
ဆိုလိုတာက ဥာဏ်ရှိဖို့ပေါ့။

ပညတ်တော်ဆယ်ပါး ရုပ်ရှင်ကို ရိုက်ပြီးတဲ့နောက်မှာ
ဒါရိုက်တာ ကီစလိုစကီ က ပြောတယ်
I am not sure cinema is art.
သူဘာလို့ ပြောလဲ ကျွန်တော်တို့ စဉ်းစားကြည့်ကြရအောင်။
ဘာကိုရလိုက်မှန်း မသိရင်တော့ ခင်ဗျားရှုံးတာပဲ။
ကျွန်တော်ပြောမယ်
I am not sure poetry is art .



ပြဿနာပဲ

ခုန်ပါ



မောနွေ

Comments

Popular Posts