မောနွေရှင်းတမ်း
Cezanne ဟာ Cubism ပန်းချီဝါဒကို မျိုးစေ့ချခဲ့သူပါ။ ပြင်သစ်လူမျိုးတစ်ဦးဖြစ်တယ်။ ၁၈၃၇ ခုနှစ်က Air-en-Provence
ဆိုတဲ့ တောနယ်လေးတစ်ခုမှာ မွေးတယ်။ သူဟာ Post Impressionist တစ်ယောက်ဖြစ်တယ်။ Impressionist ပန်းချီဆရာတော်တော်
များများ စိတ်ဝင်စားတဲ့ အရာဝတ္ထုတစ်ခုပေါ်မှာ ကျနေတဲ့အလင်းတွေကို စုတ်ချက်၊ ရေးချက် တွေနဲ့ အမိအရ ဖော်ပြတာမျိုးကို
စိတ်မဝင်စားဘူး။ ထပ်ပြောရရင် သူဟာ Post Impressiont တစ်ယောက်ပဲ။
Morisot ဟာ ပြင်သစ်လူမျိုး ပန်းချီဆရာမတစ်ယောက်ပါပဲ။ သူ့ရဲ့ မတ်ကတော့ ပန်းချီဆရာ Manet ပေါ့။ Modigliani ဟာ
၃၆ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့တယ်။ Silvia Plath က ဓာတ်ငွေ့ရှူပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့တယ်။ စီမန်ခန့်ခွဲမှုရဲ့ ဖခင်ကြီးလို့
ပြောနေကြတဲ့ Peter Drucker က ကွန်မြုနစ်စနစ်ပြိုကွဲမှာကို ကြိုပြောနိုင်ခဲ့တယ်။ အခု ခင်ဗျားတို့ ကျွန်တော်တို့ ကြုံနေရတာ
ကိုလည်း Post-capitalist Society လို့ လည်း ပြောခဲ့တယ်။
အခု ဖြစ်နေတဲ့ စိတ်ရောဂါကို Midlife Crisis လို့ ဆရာဝန်ကပြောတယ်။ တစ်ခါတုန်းကလည်း Bipolar Disorder လို့
ပြောခဲ့တာပဲ။ Midlife Crisis ဆိုတာ များသောအားဖြင့် အသက်လေးဆယ်နဲ့ အသက်ငါးဆယ်ကြားလူတွေပဲ အဖြစ်များတဲ့ရောဂါတဲ့။
ဒါပေမဲ့ နှစ်ဆယ်ကျော်တွေလည်း ဖြစ်တတ်တာပဲတဲ့ Over Mature ဖြစ်ရင် အဲဒီစိတ်ရောဂါ ဖြစ်တတ်တယ်။ တခြား စိတ်ရောဂါ
တွေလည်း ရှိသေးတယ်။ Sinophobia, Gynophobia, Social Phobia, Social Anxiety Disorder စသဖြင့်ပေါ့။ မောနွေဟာ
ဘဝ Octave တွေမှာ “အား” ကို အဆင့်လေးဆင်းခွဲပြီး အော်လေ့ရှိတယ်-
( ၁ ) လူမှုရေး Key ဖမ်းတဲ့အခါ အော်တဲ့ အား
( ၂ ) အမှန်တကယ် နာကျင်တဲ့အခါ အော်တဲ့ အား
( ၃ ) Chatting မှာ စာသားသက်သက်တင်ဆက်မှုဖြင့် တစ်ဘက်တွင် သောတ အာရုံချို့ယွင်းနေလျှင်တောင် နားလည်စေနိုင်မယ့်
အား
( ၄ ) တခြား အကြောင်းအမျိုးမျိုးကြောင့် အော်တဲ့ အား။
အစ်ကိုတို့ ရယ်သလို ဟက်ဟက်ပက်ပက် လိုက်ပါ မရယ်မောတတ်သူ
အစ်ကိုတို့ ငိုသလို ဟက်ဟက်ပက်ပက် လိုက်ပါ မငိုကြွေးတတ်သူ
ခင်ဗျားတို့ နားမလည်နိုင်တဲ့ ဆိုက်ကိုတွေနဲ့ ကြီးပြင်းလာတဲ့ တစ္ဆေအနုပညာဇာတ်ဆောင်
Light Truck ကားပေါ်က ပြုတ်ကျပြီး Platform နဲ့ ခေါင်းနဲ့ရိုက်မိလို့
သတိလစ်တုန်းက ရတဲ့ အမြင့်ကြောက်တတ်တဲ့ အဝိဇ္ဇာဆိုက်ကို၊
လမ်းကြားလေးတစ်ခုမှာ ကားတိုက်ခံရလို့ လမ်းကူးတိုင်း ခိုင်မြဲတဲ့လက်တစ်ချောင်းကို
မသိစိတ်က တောင့်တနေတတ်တဲ့ ဝိရောဓိဆိုက်ကို၊ ခါးရိုးထိခိုက်ပြီး ထိုင်လို့
မရလောက်တော့အောင် ဆိုက်ကယ်နဲ့ အတိုက်ခံရတုန်းက ရခဲ့တဲ့
ကားလမ်းမဘက်ကို ကျောပေးပြီးမထိုင်တတ်တော့တဲ့ ဝိစိကိစ္ဆာဆိုက်ကို
အသက်သုံးနှစ်ကျော်ကျော်မှာ ညီတစ်ယောက်သေတာတွေ့ကြုံခဲ့ရတုန်းကရခဲ့တဲ့
သေခြင်းတရားနဲ့ ပတ်သက်ပြီး ထုံအ နေတတ်တဲ့ ဆိုက်ကို (သေတာတွေ့ရင်
တရားနဲ့မဖြေဘူး။ ထုံအ မှုနဲ့ ဖြေဖျောက်တယ်။ ဒိဌိဆိုက်ကို)
Formalism ငှက်တွေ ပျံသန်းရာ တောအုပ်ထဲကို မပျံသန်းချင်တော့ဘူးလား မောနွေ
ထီး ( မိုးရွာခါနီးမှာ ခလုတ်က လှုံ့ဆော်လိုက်တဲ့ စက်မှုဆိုင်ရာ နာဗ့်ကြောအပွင့်)
မိုးတွေဟာ အနုပညာအသူရကာယ်မြိုတော်သူ မြို့တော်သားတို့ စိုရွှဲဖို့ ရွာတယ်
မိုးရွာခြင်း ရစ်သမ်ထဲမှာ ညီမငယ် ဘာကိုကျပျောက်ခဲ့သလဲ
လက်ဖဝါးတွေထဲက “ခစ်ခစ်ခစ်ခစ်” လို့ ရယ်မောတဲ့အခါ ညီမငယ် အံ့သြသွားမှာပေါ့
အိုင့်အသည်းနှလုံးထဲက အချစ်ကို ဆွဲဆန့်လိုက်ရင် ယူတို့ ပင်လယ်ရပ်ခြား နိုင်ငံခြားအထိ ရှည်တာတွေ့ရမယ်
ညီအစ်ကိုတတွေမှာ သစ်ရွက်ခြောက်ရှိသလား နီးရင်ရိုင်းတယ်
သစ်ရွက်ခြောက်စွန့်၍ ချောက်ကမ်းပါးရှိ ညီအစ်ကိုစွှန့်၍ ချောက်ကမ်းပါးမရှိ ဆို
ဝေးရင်ယဉ်ကျေးတယ် ငါ့ရဲ့ အဆင်ပြေတဲ့ နာရီတွေဟာ ရပ်နေတာကြာပြီ ပြန်ပြင်ရမယ်
နေ့စဉ်နဲ့အမျှ နေ့တွေဟာ အသွင်းပြောင်းလာတယ် Evolution ဓာတ်မပြည့်သေးတဲ့
လိုဏ်ခေါင်းတွေမှာ ကျွန်တော့်အစ်ကိုဟာ သူ့အရိပ်နဲ့သူ ဝင်တိုက်ပြီး ချော်လဲတော့တာပဲ
ကဗျာဆရာ တစ်ယောက်မှာ ဘာအရေးအကြီးဆုံးများ ဖြစ်မလဲ။
လက်နဲ့ အံသွား။
၆၇။ ကဗျာလိုင်းတစ်လိုင်းကနေ နောက်တစ်လိုင်းကို ချိတ်ဆက်တဲ့အခါ အရမ်းသတိထားရတယ်
လိုင်းအလွတ်တစ်လိုင်းရဲ့ မဆိုသလောက် ဆင်တီမီတာထဲမှာ Text တွေကို သွတ်သွင်းလိုက်တာပဲလို့
အလွယ် သတ်မှတ်လို့မရဘူး။ Text တွေမှာ နာမ်မရှိဘူး။ ရုပ်ချည်းသက်သက်ပဲရှိတယ်။
လက်တစ်ဖျစ်မှာ ကုဋေ ၅၂၈၀ ဖြစ်ပျက်နေတယ်။ ချမရေးရင်တော့ Abstract ပါ့။ ခံစားလို့ရတယ်။
ကလေသာ၊ မီး၊ ဒေါမနဿ၊ နိဝရဏ၊ စေတသိက်၊ ဝိတက်၊ ဝိစာရ၊ ပကိန်း၊ ဥပါဒါန် တစ်ခုခုဖြစ်နိုင်တယ်(ရယ်လျက်)
အနုပညာဆိုတာ ပစ္စုပ္ပန်အာရုံကျက်စားရာမြေပုံရဲ့ အပြိုင် Dimension ဖြန့်ဆန့်မှုစနစ်
မျဉ်းတစ်ကြောင်းဟာ တောင်ပံတစ်စုံဖြစ်ဖို့ရာ အပြိုင်မျဉ်းတစ်ကြောင်းကို ပုံတူမျိုးပွားဖန်တီးလိုက်တာ
ရသပညာချိန်ခွင် တစ်ဘက်တစ်ချက်စီတိုင်းမှာ Balance မျှအောင်
Divine Madness , Inspiration , Epiphany , Sub Consciousness , Making , Creation , Sensibility
ယခုထိ မသိ လေ့လာဆဲ ကိန်းရှင် ကန့်သတ်မစ်ကီဝေး
ပရိသတ်ကို ဘာပြောချင်သေးလဲ။
Surreal ဆိုတာ တံခါးပိတ်ထားတဲ့ အခန်းလွတ်တစ်ခုပဲ။ အထဲကို မမြင်ရဘူး။ ဘယ်သူမှလည်းရှိမနေဘူး။
အခန်းလွတ်ထဲကို ဝင်လိုက်မယ်ဆိုရင်လည်း အခန်းဟာ အခန်းလွတ် မဟုတ်တော့ပြန်ဘူး။
မောနွေ
( မေးခွန်းအားလုံးနီးပါးမှာ Censor အဖြတ်ခံရပြီး၊ အဖြေတချို့မှာလည်း Censor ဖြတ်ခံရသည့်အတွက်
ဖော်ပြခွင့်ရှိသော စာများကိုသာ ပရိသတ်ကြီးအတွက် ဖော်ပြလိုက်ပါသည်။ ကြီးမားတဲ့ အသိဉာဏ် Gap ထဲ
ပြုတ်မကျအောင် မိမိကိုယ်မိမိသာ တာဝန်ယူပါလေ )

Comments
Post a Comment