အသမသမ (တိ) - အတူမရှိသော ဘုရားနှင့်တူသည်။
အာရာ - ဝေးစွာ။ ဝေးကွာသည်။ ဘဝပရိဠာဟ - ဘဝ၌ ပူပန်ခြင်း။ ဘဝနန္ဒီ - ဘဝ၌ နှစ်သက်ခြင်း။ ကုလိင်္က - ငှက်ကလေး။ ကုလဋာ - လင်မြှောင်ထားသော မိန်းမ။ ကုလာလစက္က - အိုးထိန်းစက်။ ဧကပဒိကသင်္ကမ - တစ်ယောက်တည်းလျှောက် လောက်သောတံတား။ ရုဇ္ဈတိ - ပျက်စီး၏။ ရုဒတိ - ငိုကြွေး၏။ ပထဝီလေခုပမ - မြေ၌ရေးခြစ်သော အက္ခရာနှင့်တူသော။ မိတ္တံသံသဂ္ဂ - အဆွေခင်ပွန်းနှင့် ပေါင်းဖော်ခြင်း။ ကန္တရာမဂ္ဂ - ကန္တာရခရီး။ တနုသံယောဇန - ခေါင်းပါးသော သံယောဇဉ်။ တန္ဒတိ - တွေဝေ၏။ ဘဝ - ဖြစ်ခြင်း၊ မွေးဖွားခြင်း၊ ဖြစ်ပွားခြင်း၊ ဘုံ။ ပရိဗျာကုလ - လွန်စွာ ရှုပ်ထွေး၏။ ဝိဝဒန - ငြင်းခုံခြင်း။ သီဝထိကာ - သင်္ချိုင်း၊ သုသာန်တစ။ ဟာနဘာဂိယ - ဆုတ်ယုတ်ခြင်းအဖို့ ရှိသည်။ ဟဒယသန္တာပ - နှလုံး၏ပူပန်ခြင်း။ ပဋိဘာဏဒ - ဉာဏ်ပညာကိုပေးသည်။ မုဒုဘာဝ - နူးညံ့သည်၏ အဖြစ်။ မဟာဂဏ္ဍ - အိုင်းအမာကြီး။ ပီယ - ချစ်အပ်သော၊ ချစ်ဖွယ်သော။ ယောနိ - ဝမ်း၊ သားအိမ်၊ ပဋိသန္ဓေ၊ သင့်သောအကြောင်း၊ မိန်းမနိမိတ်။ ဇီဝိတုကာမ - အသက်ရှင်ခြင်းကို အလိုရှိသည်။ ကဋိပ္ပဒေသ - တင်ပါး။ အသမသမ - အတူမရှိသော ဘုရားနှင့်တူသည်။ အဿုပုဏ္ဏမုခ - မျက်ရည်ဖြင့် ပြည့်သောမျက်နှာရှိသည်။ အဿုမောစန - မျက်ရည်ယိုခြင်း။ သြကလ္လက - အထီးကျန်မွဲ၊ သူဆင်းရဲ။ မေတ္တာ - ချစ်ခြင်း၊ ချစ်မြတ်နိုးခြင်း ။ ဂဗ္ဘပါတနဘေသဇ္ဇ - ကိုယ်ဝန်ကိုပျက်ကျစေသောဆေး။ နာသန - ဖျက်ဆီးခြင်း၊ ပယ်ဖျောက်ခြင်း၊ ပျက်စီးခြင်း။ နာရီ - မိန်းမ၊ မယား။ ပတိံ- အရှင်၊ အကြီးအမှူး၊ လင်။ ပရိပန္ထီ - ရန်သူ။ မေထုန - မေထုန်အကျင့်၊ မေထုန်မှီဝဲခြင်း။ ပသံသိယ - ချီးမွမ်းထိုက်သောပုဂ္ဂိုလ်။ ပသိဇတိ - ကပ်ငြိ၏။ ပသက္ကတိ - ထွက်သွား၏။ စက္ကဝါဠပရိယန္တ - စကြဝဠာအဆုံး။ ဧဟိ - လာလော့၊ လာလှည့်။ ဘော - အိုအချင်းတို့။ မရဏစေတန - သေခြင်း၌ စေတနာရှိသည်။ ဒုဗ္ဗဏ္ဏိယ - အဆင်းမလှခြင်း။ ရဇတိ - ဆိုး၏။
မောနွေ
၁၇၊ ၇၊ ၂၀၁၅
(အရှင်ဓမ္မဿာမီဘိဝံသ စီစဉ်ရေးသားသည့် ခေတ်မီ ပါဠိ-မြန်မာအဘိဓာန်မှ အဓိပ္ပာယ်ရှင်းလင်းချက်များ မူရင်းပါသည့် အတိုင်းယူသုံးပါသည်)
Comments
Post a Comment