မင်းမသိသေးတဲ့ငါ့ရဲ့ ကိုယ်ရေးကိုယ်တာတချို့
ငါနဲ
့မင်းရည်းစားဖြစ်သွားတဲ့ အခါ မင်းကိုဘယ်လိုခေါ်ရင်ကောင်းမလဲလို့ 
ငါစဉ်းစားမိတာ
ငါပြန်ပြောပြရင် မင်းရယ်မှာလား
ငါ့ညာဘက်သန်းကို
အင်းယျားကန်ဘောင်မှာ ထိုင်ရင်း
မင်းဆိုးပေးတာ ခံဖို
့လက်သည်းအရှည်မွေးထားတယ်
ဓါတ်ကြိုးပေါ်က ကျီးကန်း
ဆာလောင်မွတ်သိပ်မှု မှာ
အ,အ,အ,အ နဲ့ 
ငါ့အရိုး ခတ်သံမှာ လည်း
မမ၊ မမ နဲ့ 
စိတ်ကိုဖုံးထားတဲ့
အဖုံးက မလုံတော့
လှိုင်ဦးမော်က
ငါ့တစ်ယောက်တည်းအတွက်ပဲ သီချင်းဆိုသလိုလို
မောင်ဖီလာက
ငါတစ်ယောက်တည်းအတွက်ပဲ ကဗျာ စပ်သယောင်ယောင်
"အင်္ဂါနေ "့က
ငါ့ဆီကို စိမ့်ယို ပြီး တစ်အိအိ ၀င်လာတယ်
ငါမင်းနာမည်ကို
အကျယ်ကြီး အော်လိုက်တဲ့အချိန်
မိုးကုပ်စက်ဝိုင်းတောင်
ခါးကော့သွားသလိုပဲ
အခန်းတံခါးကို
ဖွင့်လိုက်တိုင်း
တိမ်စော်နံနေတဲ့
အောက်ဆီဂျင် တွေ က ပိုးလိုးပက်လက်
နေသားတကျဆိုတာ အခုထိ
ငါ့ဆီ အလည်မလာသေးဘူး
ချစ်သူကို မတွေ
့ရမှတော့ ဒီမျက်လုံး တွေ ကန်းသွားကြပစေတော့
တစ်နေ့ တစ်နေ့ ဖုန်းတစ်လုံးကိုရှေ့မှာချပြီး
ငါဟာဓါတ်ခဲအားကုန်နေတယ်
အဝတ်လဲလိုက် ၊
ခွေးတွေကို အစာကျွေးလိုက်၊
ဆိုင်ကယ်ဆီဖြည့်လိုက် ၊
ပန်းပင်တွေရေလောင်းလိုက်
ရုပ်ရှင်ရုံမှာ
လက်မှတ်နှစ်စောင် ၀ယ်ပြီး တစ်ယောက်တည်းကြည့်တဲ့ငါ
ဘေးက ခုံအလွတ်ကြီးကို
စကားတွေ အများကြီးပြောပြောနေတာ
ဘယ်သူမှ မသိကြဘူး ။
မောနွေ
၁၂ ၊ ၄ ၊ ၂၀၁၀
Comments
Post a Comment